အင်းတော် ၁၁ မတ်

 

အတိမဟန္တဒုန္ဒုဘ စည်တော်ကြီး ပင့်ဆောင်ခြင်းအထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်း  ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အင်းမြသာယာ အားကစားကွင်း အားကစားခန်းမအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး မတ် ၁၇ ရက် နံနက် ၉ စည်တော်ကြီးအား အင်းတော်မြို့မှ ဝန်းသိုမြို့၊ ကောလင်းမြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့များသို့ အစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်သွားမည်ဖြစ်သည်။

 


အခမ်းအနားကို ကြွရောက်လာသော ဆရာတော်ကြီးများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များမှ မေတ္တာသုတ် ချီးမြှင့်ခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များနှင့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့က ပဋ္ဌာန်း ''ပစ္စယုဒ္ဒေသ ပဋ္ဌာန်းပါဠိ" ကို ရွတ်ဆိုပူဇော်၍ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို စတင်ခဲ့ကြကြောင်း သိရသည်။

 


ငြိမ်းအိအိဖြိုး