တောင်ကြီး ၁၁ မတ်

 


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် မတ် ၁၁ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ အ.ထ.က (၂)၊ အ.ထ.က (၁)၊ အ.ထ.က (၄)၊ အ.ထ.က (၅)ကျောင်းတို့တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 


အဆိုပါ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲ (၄)ရက်မြောက်နေ့တွင် အ.ထ.က (၁)ကျောင်း၌ ဖြေဆိုသူ စာရင်းရှိ (၆၉၈)ဦး၊ ဖြေဆို (၆၈၃)ဦး၊ အ.ထ.က (၂)ကျောင်း၌ စာရင်းရှိ (၅၉၁)ဦး၊ ဖြေဆို (၅၇၂)ဦး၊ အ.ထ.က (၄)ကျောင်း၌ စာရင်းရှိ (၆၉၇)ဦး၊ ဖြေဆို (၆၂၉)ဦး၊ အ.ထ.က (၅)ကျောင်း၌ စာရင်းရှိ (၆၅၁)ဦး၊ ဖြေဆို (၆၀ဝ)ဦး အသီးသီးဖြေဆိုကြကြောင်း သိရသည်။

 


မောင်မောင်သန်း(တောင်ကြီး)

 

dd