ကသာ ၁၁ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကသာခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါပြီး မတ် ၁၀ ရက် နံနက်ပိုင်းက ကသာခရိုင် အင်းတော်မြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

5

 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မတ် ၁၀ ရက် နံနက် ၇ နာရီက အင်းတော်မြို့ အင်းမြသာယာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီးပင့်ဆောင်ခြင်း အထိမ်းအမှတ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အထူးဓမ္မသဘင် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

6

 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းတော်မြို့မှ ဝန်းသိုမြို့သို့ရောက်ရှိပြီး ဝန်းသိုမြို့နယ်အတွင်းရှိ စူဠာမုနိ ကျောက်လှုပ်လဲ့ စေတီတော်သို့ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ စေတီတော်သို့ သွားသည့် (၇)မိုင်တောင်တက် ရာသီလမ်းအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဆောင်ရွက်ရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်သွားလာသည့် နေရာဖြစ်ရေး၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁)နှင့် တံတားအထူးအဖွဲ့(၂)တို့ တာဝန်ယူတည်ဆောက်နေသော ဆင်ကုန်း- ဝန်းသို- ပင်လည်ဘူး လမ်းပေါ်ရှိ မောင်းကော်တံတားအရှည် (၁၃၅)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြိီး စံချိန်းစံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍  အင်းတော်မြို့နယ်ဆေးရုံ အာရ်စီသုံးထပ်ဆောင်အသစ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ညပိုင်းတွင်  အင်းတော်မြို့ အင်းမြသာယာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီးပင့်ဆောင်ခြင်း အထိမ်းအမှတ် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အထူးဓမ္မသဘင်ပွဲသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး “နိဗ္ဗာန်ရောက်ကြောင်း တရားတော်” နာယူကြည်ညိုခဲ့ကြောင်း သိရသည်။ 

 

ထွန်းကိုကို(ယင်းမာပင်)