တွန်းဇံ ၁၁ မတ်
ချင်းပြည်နယ် တွန်းဇံမြို့၌ ချင်းရွှေပြည် အားကစားခန်းမတွင် မတ် ၁၁ ရက် နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပသည်။
အခမ်းအနားကို ခွင့်တူညီရေးစဉ်စားလို့ စွမ်းရည်မြှင့်တင်ရေး အလေးပေးလို့ ပြောင်းလဲမှုကို ဖန်တီးစို့ ခေါင်းစဉ်ဖြင့် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနန်းဒိုးဆုမ်းမန်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တွန်းဇံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဒေါ်ကျင့်အင်းကျိန်က မြို့နယ်အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းဆွေးနွေး တင်ပြပြီး လူထုဗဟိုပြုစီမံကိန်း မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စတင်ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြသည်။
အဆိုပါအခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။
MDN


