ကိုလံဘို မေ ၂၁
မေလ ပထမ ၁၈ ရက်အတွင်း သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၈ဝ၄၂၁ ဦး ဝင်ရောက်ခဲ့သည်ဟု နိုင်ငံ၏ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု အာဏာပိုင်အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါကာလအတွင်း သီရိလင်္ကာသို့ဝင်ရောက်သည့် ခရီးသွား ဦးရေမှာ ၈ဝ၄၂၁ ဦးရှိသည်။ ယခုနှစ် မေ ၁၈ ရက်အထိ နိုင်ငံတွင်း လာရောက်လည်ပတ်သည့် နိုင်ငံတကသရီးသွား စုစုပေါင်းမှ ၉၇၇၃၀၅ ဦးရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရှာဖွေ ပေးနိုင်သော လုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် ၂ဝ၂၄ ခုနှစ်အတွင်း ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံ ရရှိခဲ့သည်။
ဆင်ဟွာ


