ပုလော  ၁၁ မတ်    


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ခန္တီးကျေးရွာအုပ်စု၊ ကုလားမခေါင်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အမျိုးသမီးအခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက ကုလားမခေါင်းကျေးရွာ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

1


အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းထွန်းက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှ မတ် ၁၀ ရက်အထိ (၂)လကြာ ဖွင့်လှစ်ခဲ့ပြီး အခြေခံအပ်ချုပ် စက်ချုပ်နည်း (၁၄)မျိုးကို သင်တန်းသူ(၁၅)ဦးအား သင်ကြားပို့ချပေးခဲ့ကာ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ၊ သင်ထောက်ကူပစ္စည်းများနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်၍ သင်တန်းသူများ၏ ဖန်တီးမှု လက်ရာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


ထူးဝေယံ(ပြန်/ဆက်)