တပ်ကုန်း  ၁၁ မတ်      

 

နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စာပေချစ်သူများအဖွဲ့နှင့် စာပေဝါသနာရှင်များ စုပေါင်းကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းမှာ စာပေဝါသနာရှင်များ တစ်ဦးနှင့်တစ်ဦး အမြင်ချင်ဖလှယ်ပြီး ဆွေေးနွးနိုင်ရေးနှင့် အတွေ့အကြုံများ ဆွေးနွေးပြောကြားနိုင်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ နေပြည်တော် စာဖတ်ဝိုင်းအဖွဲ့ဝင် ဦးမျိုးမြင့် (မျိုးမြင့်-မြန်မာစာ)၊ ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)တို့က သုတရသစာပေများ ဆွေးနွေးကြပြီးနောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက ဖြည့်စွက်ပြီး ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။

 

တင်စိုးလွင် (ပြန်/ဆက်)