နေပြည်တော်    ၁၁  မတ် 
    

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ် ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၄)ပါ  ၂ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှူး Subedar Md. Syed Enayer Ali ဦးဆောင်သည့်အဖွဲ့က စက်တပ် ရေယာဉ် ၂ စီး၊  စုစုပေါင်း(၄)စီးတို့ဖြင့် ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)ထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မတ် ၁၀ ရက် နံနက်ပိုင်းက ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၄)ပေါ်၌ နှစ်ဖက် ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MDN