နေပြည်တော် ၁၁ မတ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ က တက္ကသိုလ်ဝင်တန်းစာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသူ တစ်ဦးသည် သွေးအားနည်းရောဂါဖြင့် မူးဝေလဲကျသွား၍ ရဲတပ်ဖွဲ့ဝင်များနှင့် ကျောင်းဆရာမများက ဆေးရုံသို့ လိုက်လံကူညီပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ကျောင်းသူမှာ ဆေးရုံတွင်စာမေးပွဲ ဆက်လက် ဖြေဆို ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


