ပေါက် ၁၁ မတ်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွားစေရေးရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီးဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းကို ယနေ့နံနက်ပိုင်းက ပေါက်မြို့နယ် ပျဉ်းချောင်းကျေးရွာအုပ်စု  ထန်းတောကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်မှ "သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းကိုမတ်လ ၁၁ ရက်မှ ၂၅ ရက်အထိသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်း သူ(၁၅)ဦးတက်ရောက်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ သင်တန်းအမျိုးအစား ပေါင်း (၁၄)ခုဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ရာ နောက်ထပ်ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူးထံမှ သိရသည်။   

ဉာဏ်တိုး(ပေါက်)

 

mdn