နေပြည်တော် ၁၁ မတ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ စွမ်းအင် စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၄ နှစ်စီမံကိန်း (၂၀၁၆-၁၇ခုနှစ်မှ၂၀၁၉-၂၀၂၀) အစီအစဉ်အရ Myanmar National Energy Statistics ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော်ရန်သုံးသပ်နိုင်ရေးအတွက် အချိန်ကာလအပိုင်းအခြားအရ တိကျခိုင်မာသည့် စာရင်းဇယားများအပေါ်များစွာတည်မှီနေပါကြောင်း၊ ပြည်စုံသည့်သတင်း အချက်အလက်များသည် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်သွေးကြော သဖွယ်အထူးအရေးကြီးကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်ပြီးပြည့်ဝတည်ငြိမ်သည့် လျှပ်စစ်စွမ်းအားပံ့ပိုးနိုင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်မူဝါဒနှင့်စီမံချက်များချမှတ်နိုင်ရေးအတွက် Myanmar National Energy Statics သည်အထူးလိုအပ်ကြောင်း၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ဝန်ကြီးဌာနများနှင့် ERIA တို့မှအနာဂတ်မြန်မာ့စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်ကူညီပံ့ပိုးပေးရန် တိုက်တွန်းကြောင်း၊ နည်းပညာနှင့်ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့သောဂျပန်နိုင်ငံအစိုးရနှင့် ERIA အဖွဲ့တို့အားကျေးဇူး တင်ရှိကြောင်း၊ ASEAN အဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့်ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာရေး ဟူသော၂၀၄၀ခုနှစ်ရည်မှန်းချက်အရဝန်ကြီးဌာနသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်အကောင်အထည်ဖော်လျက်ရှိရာ တွင်ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (Myanmar Sustainable Development Plan - MSDP) နှင့်အညီအခြေခံလျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် Energy Mixed Development Plan များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြောကြားသည်။

 

mdn

 

ယင်းနောက် ERIA မှ President ဖြစ်သူ Professor Hidetoshi Nishimura က အမှာစကားပြောကြားသည်။

ထို့နောက်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေသန်းက မြန်မာနိုင်ငံ၏စွမ်းအင်ဆိုင်ရာ ကိန်းကဏန်းအချက်အလက်များအပေါ် မိတ်ဆက် ဆွေးနွေးပြီးအာဆီယံစွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ Ms. Cecilya Malik မှစွမ်းအင်ဆိုင်ရာ လိုအပ်ချက်အပေါ်လေ့လာဆန်းစစ်မှုများ၊ ERIA ၏ Special Advisor ဖြစ်သူ Mr. Shigeru Kimura မှမြန်မာနိုင်ငံစွမ်းအင်ဆိုင်ရာလိုအပ်ချက်နှင့်ဖြည့်ဆည်းမှု (Demand and Supply) လေ့လာဆန်းစစ်မှုများကို သုံးသပ်ဆွေးနွေးကြသည်။

National Energy Statistics ပြုစုခြင်း၏ ရည်ရွယ်ချက်မှာလိုအပ်ချက်အား ပံ့ပိုးပေးနိုင်သည့် အခြေခံစွမ်းအင်အရင်းအမြစ်များ၊ ပြောင်းလဲပြုပြင်အသုံးပြုနိုင်သည့်စွမ်းအင်များနှင့် စွမ်းအင်သုံးစွဲမှုပမာဏတို့အပေါ် အခြေခံသော Energy Balance Tables အားပြုစု၍ Energy Policy အရ စွမ်းအင်ဖူလုံမှုရေးနှင့်ရေရှည်အသုံးပြုနိုင်ရေး၊ လျှပ်စစ်စွမ်းအား ဖွံဖြိုးတိုးတက်ရေး အစီအမံနှင့်လုံခြုံပြည့်ဝသော စွမ်းအင်ဖြည့်ဆည်းပံ့ပိုးနိုင်ရေး သုံးသပ်နိုင်ရန် ရည်ရွယ်၍ ပြုစုခြင်းဖြစ်သည်။ 

(သတင်းစဉ်)

 

mdn