ရန်ကုန်  ၁၁  မတ် 
    

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများ၏ အခန်းကဏ္ဍများကို လေ့လာရန်အတွက် မတ် ၂ ရက် မှ ၉ ရက်ထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့သို့ သွားရောက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။


(သတင်းစဉ်)