ရန်ကုန် မတ် ၁၁
အောက်တိုဘာ ၂၄ ရက်တွင် စာရေးဆရာမ မိုးမိုး(အင်းလျား) မွေးဖွားခြင်း ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်သည်။ အဆိုပါ ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် စာပေနှင့် အနုပညာရှင်များပါဝင်သော အမျိုးသမီးစာပေနှင့် အနုပညာပွဲတော် တစ်ရပ်ကို အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မတ် ၁၆ ရက်တွင် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကို စတင်ဖွဲ့စည်းမည်ဖြစ်ပြီး ပွဲတော်ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းပါဝင်ကူညီလိုသူများ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ မသွယ်မျိုးညွန့် (ဖုန်း- ဝ၉ ၇၈၇၀၈၇၅၅၄) သို့ ဆက်သွယ်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
(သတင်းစဉ်)


