ဇွန် ၁၉

အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းရှိ ဘီနိုအာဆိပ်ကမ်းသို့ ၂၀၂၅ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား ၅၀၀၀၀ ကျော် လိုက်ပါလာသည့် အပျော်စီးသင်္ဘော ၃၈ စင်း ဆိုက်ကပ်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားသည်။

ထိုဆိပ်ကမ်းသို့ ၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၀၃၀၀၀ သည် အပျော်စီးသင်္ဘော ၅၉ စီးဖြင့် လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာအပျော်စီးသင်္ဘောလုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့သင်္ဘောများဆိုက်ကပ်ရာ အပန်းဖြေနေရာများ အနက် တစ်ခုဖြစ်သော  ဘီနိုအာဆိပ်ကမ်းကို ရွေးချယ်ခြင်းသည် ဘာလီ၏အစားအသောက်၊ လက်မှုပညာနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကဏ္ဍများတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ ပွင့်လင်းလာခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို