နေပြည်တော် ၁၂ မတ်
နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေနံ့သာရပ်ကွက်တွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် နေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ ဦးမောင်ပုအား အိမ်ဆောက်စရိတ် တစ်သိန်း၊ ရိက္ခာဖိုးငွေ ရှစ်ထောင့်လေးရာကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး တန်ဖိုးငွေ ၃၇၆၈၁ ကျပ် စုစုပေါင်း ၁၄၆၀၈၁ ကျပ် နှင့် မီးဘေးသင့်ပြည်သူ ဒေါ်ချစ်အား အိမ်ဆောက်စရိတ်တစ်သိန်း၊ ရိက္ခာဖိုးငွေ ၁၂၆၀ဝ ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တန်ဖိုးငွေ (၃၇၆၈၁) စုစုပေါင်း ၁၅၀၂၈၁ ကျပ်အား နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


