ဒေးဒရဲ ၁၂ မတ်
ဒေးဒရဲမြို့နယ် ကျုံဘုတ်ကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာတွင် တိုးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးနိမ့်လျောခြင်းများ ဖြစ်ပေါ်၍ ပြိုကျ၊ ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ထိခိုက်ပျက်စီးဆုံးရှုံးသည့် မိသားစုဝင်များအား အားပေးစကားပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်တာဝန်ခံ ဦးနေဝင်းအောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁၁)စုအား မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ပိုက်ဖျာ၊ တာပေါ်လင်အမိုးစ၊ စောင်နှင် ခြင်ထောင်စသည့် တန်ဖိုးငွေကျပ် ၁၄၉၂၀ဝ၀ ရှိ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


