မိုင်းရယ် ၁၂ မတ် 


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁)ခုဖြင့်ဖြေဆိုပြီး အဆိုပါ အထကမိုင်းရယ် စာစစ်ဌာနတွင် ယနေ့ရူပဗေဒဘာသာရပ် ဖြေဆိုသူ ကျား(၁၆)ဦး၊ မ(၄၄)ဦး စုစုပေါင်း(၆၀) ဖြစ်ပြီး ပျက်ကွက်ကျား(၁)ဦး မ(၁)ဦး စုစုပေါင်း(၂)ဦးဖြစ်ပြီး ဖြေဆိုသူ ၉၆.၇၇% ဖြင့် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။


ဖြေဆိုသည့် ကျောင်းသား/သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပြည်သူစစ်များက လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN