ပဲခူး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ညောင်လေးပင် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ် ပေါက်တပင်ကျေးရွာအုပ်စု၌ ဒေသင်္ခမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းတိုးတက်ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပြည့်စုံစေရေးနှင့် မိရိုးဖလာလက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေ ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မိုးစပါးစိုက် တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဦးလွင်ဦး၏ လယ်မြေ ၁၀ ဧကအတွင်း ပဲခူးမြို့ Agro Future Myanmar Co., Ltd. မှ တီထွင်ထုတ်လုပ်ထားသော လူလိုက်ပါ စီးနင်းနိုင်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကွင်းဆင်းကြည့်ရှု အားပေးသည်။ (အောက်ဝဲပုံ)
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ဝဲဝန်းကျေးရွာအုပ်စု ဘိုင်းဒါး ကျေးရွာ၌ ဒေသတွင်းဥစားသုံးမှုဖူလုံစေရေး မွေးမြူရေးလုပ်ငန်းရှင် ဦးသူရဇော်၏ ဥစားကြက်ကောင်ရေ ၂၀၀၀ နှင့် မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းဌေး၏ ဥစားဘဲကောင်ရေ ၂၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှု အားပေးပြီး မွေးမြူထုတ်လုပ်မှုမှ ရရှိသည့် ကြက်ဥနှင့်ဘဲဥများကို ရရှိသည့် သယ်ယူမှု ကုန်ကျစရိတ်မရှိဘဲ ဒေသတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းတွင် ရာနှုန်းပြည့် ရောင်းချနိုင်ရေးနှင့် အသားစားဘဲ၊ ဒေသဝက်နှင့် ဒေသကြက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်သွားရန်နှင့် တိရစ္ဆာန်အစာများဖြင့် ထုတ်ကုန်ကြမ်းနည်း တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြွန်တန် ဆာမြို့ မြို့မ (၃) ရပ်ကွက်ရှိ ဦးအောင်ကျော်မင်း၏ New Age Water ater Tank အမှတ်တံဆိပ်ဖြင့် ရေတိုင်ကီနှင့် ဖိုက်ဘာလှေထုတ် လုပ်မှုလုပ်ငန်းသို့ သွားရောက် ကြည့်ရှုအားပေးပြီး ပြည်ပသွင်း ကုန်အစားထိုး ကုန်ထုတ်လုပ်ငန်း ဖြစ်၍ ဒေသတွင်း MSMEs ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသည့် လာသည့် ထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


