မင်းဘူး ၁၂  မတ်      

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အထက(၁) စာစစ်ဌာနမှ ကျောင်းသူတစ်ဦးသည် မတ်လ(၁၂) ရက်တွင် ရူပဗေဒဘာသာရပ် ဖြေဆိုပြီး ထွက်လာစဉ် ကျောင်းပေါက်ဝ၌ ခေါင်းမူးဝေဒနာခံစားရပြီး မူးလဲသဖြင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ၎င်းကျောင်းသူအား မင်းဘူးခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

 

မင်းဘူးမြို့၊ အထက(၁) စာစစ်ဌာနတွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် သနားခါး တောရပ်၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သူ မဇင်ရတနာမျိုး၊ဖဘ(၁၃၁) သည် ရူပဗေဒဘာသာ ရပ်ဖြေဆိုပြီး စာမေးပွဲအခန်းမှ ပြန်ထွက်လာစဉ် ကျောင်းပေါက်ဝ၌ ခေါင်းမူးပြီး  ရုတ်တရက်လဲကျသဖြင့် မင်းဘူးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းဦးဆောင်သော တပ်ဖွဲ့ဝင် (၇) ဦးနှင့် တာဝန်ရှိသူများက တပ်ဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ ကူညီပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ကျဆရာဝန်က စစ်ဆေးကုသခဲ့ရာ ခေါင်းမူးဝေဒနာသက်သာလာသဖြင့် ၎င်းတက်ရောက်နေသော ဘော်ဒါသို့ ကူညီပို့ဆောင်၍ အုပ်ထိန်းသူထံ အပ်နှံခဲ့ကြောင်း သိရသည်။

 

71592019

 

အလားတူ မင်းဘူးမြို့၊ အထက(၂) စာစစ်ဌာနတွင် ယမန်နေ့ ဓါတုဗေဒဘာသာရပ်ဖြေဆိုပြီး  ပြန်ထွက်လာစဉ် ကျောင်းသူတစ်ဦး ခေါင်းမူးဝေဒနာခံစားရသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ စာစစ်ဌာန(၂၆) ခုတွင် ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်(၉) နာရီအချိန်က ကျောင်းသား/သူ (၁၁၃၅၀) ဦး၊ (၉၆.၆၂) ရာခိုင်နှုန်း၊ ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူဦးရေ (၃၉၇) ဦးရှိကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

22019