ဝါရှင်တန် ဇူလိုင် ၆
အမေရိကန်ပြည်ထောင်စုတောင်ပိုင်း တက္ကဆက်ပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာကြောင်း သိရသည်။ ကလေးငယ်များအပါအဝင် လူပေါင်း ၂၀ ကျော် ပျောက်ဆုံး နေဆဲဖြစ်သည်။
ဇူလိုင် ၄ ရက်က စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွါဒါလူပီမြစ်ရေလျှံကာ ပြင်းထန် သော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ ကလေးငယ် ၁၅ ဦး အပါအဝင် လူပေါင်း ၄၃ ဦး သေဆုံးကြောင်း အာဏာပိုင်များက ဇူလိုင် ၅ ရက်တွင် အတည်ပြုပြောသည်။
မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုက မြစ်ရေမျက်နှာပြင်ကို မြင့်တက်စေကြောင်း၊ အိပ်ပျော် နေသော လူအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ အာဏာပိုင်များသည် ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


