ဟားခါး ၁၂ မတ်
မြန်မာနိုင်ငံတွင် မတ်လ (၈)ရက်နေ့က ကျင်းပခဲ့သော One Championship- MMA(Mixed Martial Arts)ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားကို အနိုင်ရ အောင်ပွဲခံခဲ့သည့် မြန်မာ့ ဂုဏ်ဆောင် ချင်းတိုင်းရင်းသား (MMA)ကစားသမား “The Dragon Leg”ခေါ် ဆလိုင်းTial Cung Thangသည် ယနေ့ နံနက် ၁၀ နာရီက ဇာတိမြေ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ရှိခဲ့သည်။
ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာသော မြန်မာ့ဂုဏ်ဆောင် (MMA) ကစားသမား ချင်းတိုင်းရင်းသား ဆလိုင်းTial Cung Thangကို ဟားခါးနေချင်းတိုင်းရင်းသားများစွာက ဟားခါးမြို့အဝင် ရှုခင်းသာ၌ ရိုးရာစောင်များ၊ခေါင်းပေါင်းများနှင့်အောင်ပန်းဆင် ပန်းစည်းများပေးလျက် သောင်းသောင်းဖျဖျ ကြိုဆိုကြပြီး ချင်းဓလေ့ထုံးစံအရ အမျိုးသမီးများက(၄)မိုင်ခန့်ဝေးကွာသော မြို့သစ်ရပ်ကွက်ရှိ အဘိုးအိမ်သို့ ရိုးရာဗုံမောင်းများ တီးခတ်ရင်း တစ်ယောက် တစ်လှည့် ကျောပိုးထမ်း၍ ပို့ဆောင်ပေးခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
MDN


