ဂါဇာစီးတီး   ဇူလိုင်   ၁၀

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမြို့တော်တစ်ခု ထူထောင်မည့်အစီအစဉ်ကို   အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထောက်ခံကြောင်း အစ္စရေးမီဒီယာတစ်ခုက သတင်းဖော်ပြသည်။

အဆိုပါအစီအစဉ်ကို အစ္စရေးကာကွယ်ရေး ဝန်ကြီး အစ္စရေးကာ့ဇ်က တင်ပြခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်ကို ရာဖာမြို့၌ တည်ဆောက်မည်ဖြစ်ပြီး ဂါဇာ ဒေသခံပြည်သူအားလုံးသည် တောင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်တွင် ဖော်ပြထားသည်။

ထို့ပြင် မြောက်ပိုင်းဒေသတွင် ကျန်ရှိနေသည်ဟု ယူဆရသော ဟားမတ်စ်အဖွဲ့ကို နှိမ်နင်းမည်ဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ပြောကြားသည်။  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာမြို့တော်သို့ ဝင်ရောက်ပြီးသည့် ဒေသခံများကို ပြန်လည်ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်းလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ပြောကြားသည်။

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား သွယ်ဝိုက်သော ဆွေးနွေး မှုများကို ကာတာတွင် ပြုလုပ်လျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝန်ကြီးချုပ် နေတန်ယာဟုတို့ကလည်း ဝါရှင်တန်၌ ဇူလိုင် ၈ ရက်က ဂါဇာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်