ဇူလိုင် ၁၁

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် လွန်ခဲ့သောသီတင်းပတ်က ရေကြီးမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၂၀ ရှိလာပြီး ၁၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂါဒါလူပီမြစ်ကြောင်းတစ်လျှောက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အချိန်နှစ်နာရီအတွင်းမှာပင် မြစ်ရေ ၁၀ မီတာခန့်မြင့်တက်လာသည်ဟု  အာဏာပိုင်များကဆိုသည်။ ရေကြီးမှုဖြစ်ပွားခြင်းကြောင့် လူပေါင်းများစွာနှင့် ပစ္စည်းဉစ္စာများ ပျက်စီးဆုံးရှုံးကြရသည်။ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူများတွင် နွေရာသီစခန်းချရန်လာရောက်သော ကလေးငယ်များပါဝင်သည်ဟု သိရသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ဇူလိုင် ၂၁ ရက်တွင်ကျင်းပမည်ဟု ကြေညာခဲ့သည်။ ထိုအစည်းအဝေးတွင် ရေကြီးမှုဖြစ်ပွားလေ့ရှိသောဒေသများတွင် ကြိုတင်သတိပေးမှုစနစ် ပိုမိုကောင်းမွန်စေရေးနှင့် အရေးပေါ်ဆက်သွယ်ရေးအင်အားဖြည့်တင်းရေးအစီအမံများ ပါဝင်ဆွေးနွေးမည်ဟု သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရေကြီးမှုဖြစ်ပွားရာဒေသသို့  ဇူလိုင် ၁၁  ရက်တွင် သွားရောက်မည်ဟု ခန့်မှန်းထားသည်။   

ကိုးကား-အင်န်အိတ်ချ်ကေ

 ဘာသာပြန်-မြင့်မြင့်ချို