ဂျေရုဆလင်   ဇူလိုင်  ၁၃

အစ္စရေးနိုင်ငံသည်   နိုင်ငံပိုင် အစ္စရေးလေကြောင်းနှင့် အာကာသလုပ်ငန်းကုမ္ပဏီ  (အိုင်အေအိုင်)မှ        တီထွင်ထုတ်လုပ်ထားသော Dror-1   ဆက်သွယ်ရေးဂြိုဟ်တု တစ်စင်းကို   ဇူလိုင် ၁၃ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း အိုင်အေအိုင်နှင့် အစ္စရေးအာကာသအေဂျင်စီ (အိုင်အက်စ် အေ) တို့၏  သီးခြားထုတ်ပြန်ချက် များအရ သိရသည်။

အဆိုပါ  ဂြိုဟ်တုကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်  ကိပ်ကာနာဗရယ် အာကာသ လွှတ်တင်ရေးစခန်းမှ စပေ့အိတ်စ်ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။     ထို့ပြင် အဆိုပါ ဂြိုဟ်တုကို လာမည့်  ၁၅ နှစ်တာ ကာလအတွင်း ပုံမှန်လုပ်ငန်းဆောင်တာများနှင့်       အရေးပေါ် အခြေအနေနှစ်ရပ်စလုံးအတွက် အစ္စရေးနိုင်ငံ၏ ဆက်သွယ်ရေးလိုအပ်ချက်များကို ပံ့ပိုး ပေးနိုင်ရန် ဒီဇိုင်းထုတ်ရေးဆွဲထားခြင်းဖြစ်သည်။

ယင်းဂြိုဟ်တုသည် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍအတွက်လည်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း အိုင်အက်စ်အေ၏ ထုတ်ပြန်ချက်အရ သိရသည်။                                                                                 

ဆင်ဟွာ