ဗီယင်ကျန်း ဇူလိုင် ၁၃
မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရံဖန်ရံခါလေပြင်းများ တိုက်ခတ်ခြင်းနှင့် ရေမျက်နှာပြင် မြင့်တက် ခြင်းတို့ကြောင့် နေရာအနှံ့ ရေကြီးနစ်မြုပ်မှုများ ဖြစ်လာနိုင်သည့်အတွက် လာအိုမိုးလေဝသဌာနက ပြည်သူများ အထူးသဖြင့် မြစ်ကမ်းပါးအနီးတွင် နေထိုင်သူများနှင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင် သူများကို သတိပေးထားသည်။
လာအိုနိုင်ငံ ခမ်းမွမ်ပြည်နယ်၌ မြစ်ရေမှာ ၁၃ ဒသမ ၇၅ မီတာ သို့ ရောက်ရှိလာပြီး သတိပေးချက် အဆင့် ၁၄ မီတာနှင့် နီးကပ်လာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနက ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ထားသည်။
မြစ်ရေသည် လာမည့်ရက်များအတွင်း သတိပေးချက်အဆင့်သို့ ရောက်ရှိဖွယ်ရှိသည်ဟု မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။
နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများ ဖြစ်လာနိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။
ဆင်ဟွာ


