ရန်ကုန်  ဇူလိုင်  ၁၃

မြန်မာ့ရိုးရာလက်ဝှေ့  မျိုးဆက် သစ်ကစားသမားများ  ပေါ်ထွန်းရေးနှင့် ရိုးရာလက်ဝှေ့အား  ပိုမို စိတ်ဝင်စားမှုမြင့်မားစေရန်အတွက် မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ  ကြီးမှူးကျင်းပသည့် GYM    ပေါင်းစုံ  မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်ပြိုင်ပွဲကို ယ‌နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်   သိမ် ဖြူအားကစားခန်းမ၌ သုံးချီတွဲဆိုင်း ၁၀ တွဲဖြင့် ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲ၌   ရှိုင်းထက်ဦး (Warrior)က ကောင်းမြတ်ကျော် (Mahoragar) ကို ပထမအချီတွင် လည်းကောင်း၊  နေလှိုင်း  (ရိုးရာ) နေပြည်တော်က    အောင်အောင်ဟိန်း (SMART Fight)  ကို ဒုတိယ အချီတွင်လည်းကောင်း၊ ချမ်းအေး(555 Mix Sport Gym)က ဇွဲမာန်(MKI)ကို ဒုတိယအချီတွင် လည်းကောင်း၊ မျိုးဂျက်ခေါင်(ဝမ်းဝမ်း)က အောင်မင်ခန့်(Mahoragar)ကို ပထမအချီတွင် လည်းကောင်း၊ ဆန်းမြတ်ဦး(Ray)က  ဇွဲရန်နိုင်လင်း(STL)ကို တတိယအချီတွင် လည်းကောင်း အနိုင်ရရှိကြသည်။

 

ထို့နောက်  ရဲရင့် (ကျားဘုရင်)နှင့်   မင်းထက်(ရိုးရာ)   နေပြည်တော်၊  ထွန်းမြင့်မြတ် (YMA)နှင့် ဇံဇံမင်းထက် (ဓနုဖြူ)၊  သဲမောင် (လုံးချော) နှင့်     မင်းထက်ကျော်(အဖြူရောင်သွေးသစ်)၊ ကျားမာန် ဟိန်း(SMART Fight) နှင့် အောင်ကောင်းခန့် (STL)၊ အာကာ (ဝမ်းဝမ်း)နှင့် စိုင်းကြယ်စင် (လုံးချော) တို့    အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။

 

ယင်းပြိုင်ပွဲသို့     မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်   ဥက္ကဋ္ဌ  ဒေါက်တာ  တင်အောင်လွင်နှင့် အလုပ်အမှုဆောင်များ ကြည့်ရှုအားပေးကြပြီး အကောင်းဆုံး လက်ဝှေ့ရေးပြ  မင်းထက်ကျော် (အဖြူရောင်သွေးသစ်)ကို ငွေသားဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။            

အာကာစိုး