အီတလီနာမည်ကျော် တင်းနစ်ကစားသမား ဂျန်းနစ်ခ်ဆင်းနားသည် ဝင်ဘယ်ဒန် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဂရင်းဆလမ်းဆုဖလားကို စံချိန်တင် (၂၅)ကြိမ် ဆွတ်ခူးရရှိ ထားသော ဆားဘီးယားတင်းနစ်ကစားသမား ဒီဂျိုကိုဗစ်ကို ၆-၃၊ ၆-၃၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ 

ဆင်းနားသည် ဝင်ဘယ်ဒန်ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်ကာရက်ဇ်နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အယ်ကာရက်ဇ်သည် ဆီမီးဖိုင်နယ်တွင် အမေရိကန်တင်းနစ်အကျော်အမော် တေလာဖရစ်ဇ်ကို အကြိတ်အနယ်ကစားကာ ၆-၄၊ ၇-၅၊ ၆-၃၊ ၇-၆ (၈-၆) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။

ဆင်းနားသည် ပြိုင်ပွဲတစ်လျှောက်တွင် ဗူးကစ်၊ မာတီနက်ဇ်၊ ဒီမီထရော့ဗ်၊ ရှဲလ်တန် စသည့်   တင်းနစ်ကစားသမားများအား အဆင့်ဆင့်အနိုင်ယူဖြတ်ကျော်ထားသည်။

မိုးဇက် - စုစည်းရေးသားသည်