ဇူလိုင် ၁၄

အင်ဒိုနီးရှားနိုင်ငံအရှေ့တောင်ဘက် မာလူကူပြည်နယ်၏အနောက်တောင်ဘက်ပင်လယ်ပြင်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်အချိန်က ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားသည်။

အဆိုပါငလျင်သည် မာလူကူပြည်နယ်၏အနောက်တောင်ဘက် ကီလိုမီတာ ၁၇၀ ခန့်အကွာ အနက် ၁၀၈ ကီလိုမီတာတွင် ဗဟိုချက်အဖြစ် လှုပ်ခတ်ခဲ့သည်ဟု ၎င်းအေဂျင်စီ၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိပြီး ငလျင်များမကြာခဏလှုပ်ခတ်လေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို