ကဘူးလ် ဇူလိုင် ၁၄
အာဖဂန် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟယ်မန် ပြည်နယ်၌ စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စိတ်ကြွဆေး ၁၂၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာနက ဇူလိုင် ၁၃ ရက် နှောင်းပိုင်းက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ခန်းရှင်းခရိုင်၏ ဆင်ခြေဖုံး၌ တရားမဝင်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါပစ္စည်း များနှင့်ဆက်စပ်၍ လူလေးဦး ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ ပြီးခဲ့သည့်လကလည်း အာဖဂန်ရဲတပ်ဖွဲ့သည် အနောက်ပိုင်းဟီရတ် ပြည်နယ်၌ စိတ်ကြွဆေး ၄၈ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အာဖဂန် ကြားဖြတ်အစိုးရသည် မူးယစ်ဆေးဝါးခြိမ်းခြောက်မှုအန္တရာယ်ကို ဖယ်ရှားရန် ဘိန်းပင် စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးပြုလုပ်ခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းတို့ကို တားမြစ်ထား ကြောင်း သိရသည်။
ဆင်ဟွာ


