နေပြည်တော်  ၁၂  မတ် 

 

ရန်ကုန်တိုင်းဒေသကြီး၊  ရောင်ခြည်သစ်အဖွဲ့၊  အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့် တင်ရေးသင်တန်းတွင် တက်ရောက်နေသောထူးချွန်သင်တန်းသူ (၅၁) ဦးနှင့် ရောင်ခြည်သစ် ဝန်ထမ်း(၁၂) ဦးစုစုပေါင်း (၆၃) ဦးတို့သည် မတ်လ (၁၂)ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာခဲ့ပြီး အမျိုးသားလွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့်ဧည့်သည်စုစုပေါင်းမှာပြည်တွင်းဧည့်သည် (၁၈၉၆၆ ) ဦးနှင့် ပြည်ပဧည့်သည် (၁၈၅၄) ဦးရှိကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)