ဟနွိုင်း ဇူလိုင် ၁၄
ဗီယက်နမ်နိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ဟိုချီမင်းစီးတီးနှင့် ဟနွိုင်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများပြားလာခြင်းကို ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ပြောကြားသည်။
ဟနွိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုအသစ် ၃၄ ခုကို တွေ့ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက ပြောကြားသည်။ ဟနွိုင်းတွင် ခြင်ပေါက်ပွားရာ နေရာ အများအပြားနှင့် သွေးလွန်တုပ်ကွေးရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုအများအပြားကို တွေ့ရှိခဲ့ကြောင်း ယင်းစင်တာက ပြောကြားသည်။ ဟိုချီမင်းစီးတီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြင့် ခြောက်ဦး သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဟိုချီမင်းစီးတီး၏တောင်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုအသစ် ၈၃၈ ခုကို တွေ့ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၁၅၃ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရသည်။ ရေသိုလှောင်သည့်ပုံးများကို သန့်ရှင်းရေးပြုလုပ်ရန်နှင့် ခြင်ပေါက် ပွားသည့်နေရာများကို ရှင်းလင်းရန် ဒေသခံများအား ညွှန်ကြားထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


