ဇူလိုင် ၁၅
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြား၊ စီပိုရာရေလက်ကြားတွင် ယမန်နေ့က စပိဘုတ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၁၇ ဦးကယ်ဆယ်ရရှိကြောင်း မန်တာဝီကျွန်းစုရှိ ကယ်ဆယ်ရေးအဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါစပိဘုတ်တွင် ကလေးငယ်များအပါအဝင် ခရီးသည် ၁၈ ဦးလိုက်ပါလာကြောင်း၊ ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်က စီကာကပ်ကျွန်းမှ ထွက်ခွာလာပြီး စိပိုရာကျွန်းသို့ ဉီးတည်သွားနေစဉ်အတွင်း ရာသီဉတုဆိုးရွားမှုကြောင့် မနက် ၁၁ နာရီဝန်းကျင်တွင် တိမ်းမှောက်သွားကြောင်း ကနဦးသတင်းဖော်ပြချက်အရ သိရသည်။
ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် ကနဦးက ၁၁ ဦး ပျောက်ဆုံးနေခဲ့ရာ ယနေ့မနက်ပိုင်းအထိ ၎င်းတို့အနက် ၁၀ ဦးကို ဘေးကင်းစွာဖြင့် ကယ်ဆယ်ရရှိခဲ့သည်။
ရာသီဉတုဆိုးရွားမှုကြောင့် စပိဘုတ်ကို လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု မန်တာဝီကျွန်းစု ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲက ခန့်မှန်းထားသည်။ ပျောက်ဆုံးနေသူကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


