တိုကျို   ဇူလိုင်  ၁၅

တိုင်ဖွန်းနာရီသည် ဇူလိုင် ၁၅ ရက်တွင် ဟော့ကိုင်းဒိုးကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။  ၂၀၁၆  ခုနှစ်မှစပြီး   ဂျပန်နိုင်ငံ မြောက်ပိုင်းအဓိကကျွန်းကို ပထမဆုံးအကြိမ် မုန်တိုင်းဝင်ရောက် ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။

ပစိဖိတ်ဒေသ ချီချီဂျီးမားကျွန်းတောင်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် သီတင်းပတ်ကုန်က ဖြစ်ပေါ်ခဲ့သည့် အဆိုပါမုန်တိုင်းသည် ဟော့ကိုင်းဒိုးသို့ မချဉ်းကပ်မီ ဂျပန်ကျွန်းစု၏ အရှေ့ဘက်ခြမ်း တစ်လျှောက် ရွေ့လျားခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် အင်အားအလွန်ကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့သည်။

ကူရှီရိုမြို့၌ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၈၇ ဒသမ ၄၈ ကီလိုမီတာနှုန်းဖြင့်  တိုက်ခတ်ခဲ့သဖြင့်   ဟော့ကိုင်းဒိုးတွင် လေပြင်းတိုက်ခတ်မှုများအား  သတိပြုနေထိုင်ရန်  မိုးလေဝသတာဝန်ရှိသူများက ပြည်သူများကို တိုက်တွန်းထားသည်။         

ဆင်ဟွာ