၂၀၁၈ ခုနှစ်က ဘလွန်းဒီအောဆုရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှ ခရိုအေးရှား ကွင်းလယ် ကစားသမား လူကာမိုဒရစ်ဟာ အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
လူကာမိုဒရစ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၁၃ နှစ်ကြာ ပါဝင်ကစားခဲ့ရာ ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်နဲ့ လာလီဂါဖလား လေးကြိမ်အပါအဝင် ဆုဖလားစုစုပေါင်း ၂၈ လုံး ရယူဆွတ်ခူးပေး နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
လူကာမိုဒရစ်ဟာ ၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ် ကစားသမားဘဝမှာ ပွဲစဉ်စုစုပေါင်း ၅၉၇ ပွဲ ပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၄၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ ပါဝင်ကစားခွင့် ရရှိရေး မျှော်လင့်ထားသူဖြစ်ပါတယ်။ လူကာမိုဒရစ်အနေနဲ့ ခရိုအေးရှားနိုင်ငံ လက်ရွေးစင်အသင်း အတွက် နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၁၈၈ ပွဲ ပါဝင်ကစား ပေးခဲ့ရာမှာ သွင်းဂိုး ၂၈ ဂိုး သွင်းယူပေးခဲ့ တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် လူကာမိုဒရစ်ဟာ လက်ရှိအချိန်မှာ အေစီမီလန်အသင်းနဲ့ အတူ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားပြီး အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက အီတလီစီးရီး အေအမှတ်ပေးဇယား အဆင့်(၈)နေရာနဲ့ ရာသီကုန်ဆုံးခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီ ဥရောပဝင်ခွင့်နဲ့ လွဲခဲ့ရတဲ့အသင်းဖြစ်ပါတယ်။
ငွေကြယ်


