ရန်ကုန် ဇူလိုင် ၁၅
Futsal Champion Cup 2025 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ သု၀ဏ္ဏ ကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပရာ အုပ်စု(A)နှင့် (B)ပွဲစဉ်များ ကျင်းပပြီးစီး သွားပြီဖြစ်သည်။
အုပ်စုပွဲစဉ်များတွင် မလိကြယ်စင်အသင်းက ဖူဆယ်ချစ်သူအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ M2K အသင်းက Maryar Noka အသင်းကို ငါးဂိုး-သုံးဂိုး၊ VUC အသင်းက JZ Yangon အသင်း ကို ၁၂ ဂိုး-တစ်ဂိုး၊ MIU အသင်းက Pacific Sun Far အသင်းကို ငါးဂိုးပြတ်၊ 7 Brother အသင်းက ULAD အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး 7 Dragon အသင်းနှင့် ပြည့်ကြီးအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
အုပ်စု(A)ပွဲစဉ်များအပြီးတွင် JZ Yangon အသင်းက ခြောက်မှတ် ဖြင့် အုပ်စုပထမ၊ VUC အသင်းက ငါးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ပြည့်ကြီးအသင်းနှင့် 7 Dragon အသင်းတို့က နှစ်မှတ်စီ ရရှိထားသည်။ အုပ်စု (B) တွင် MIU အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ 7 Brother အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့်တက်ရောက်ပြီး Pacific Sun Far အသင်းက သုံးမှတ်နှင့် ULAD အသင်းက အမှတ်မရခဲ့ပေ။ ပြိုင်ပွဲကို အုပ်စုခုနစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်းမှာ ရှုံးထွက်အဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


