ဇူလိုင် ၁၆

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း တိုကာရာကျွန်းစုအနီးတစ်ဝိုက်တွင် လူများငလျင်လှုပ်ခတ်မှုခံစားနိုင်သည့် ငလျင်လှုပ်ခတ်မှုပေါင်း ၂၀၀၀ ကျော် ရှိလာပြီဟု ဖော်ပြထားသည်။

ဂျပန်ငလျင်တိုင်းတာမှုစနစ် သုညမှခုနစ်အရ  အဆင့် ၆ အောက်ရှိငလျင်များထပ်မံလှုပ်ခတ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် မိုးလေဝသဆိုင်ရာတာဝန်ရှိသူများက ပြောကြားထားသည်။

ကာဂိုရှီးမားခရိုင် တိုကာရာကျွန်းစုရှိ အကူစီကီဂျီမာကျွန်းနှင့် ကိုဒက်ကာရာဂျီမာကျွန်းအနီးတစ်ဝိုက်တွင် ဇွန် ၂၁ ရက်နောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုများပိုမိုပြင်းထန်လာခဲ့သည်ဟု သိရသည်။

ဇူလိုင် ၃ ရက်က အကူစီကီဂျီမာကျွန်းတွင် အဆင့် ၆ အောက်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ဇူလိုင် ၆ ရက်တွင် အဆင့် ၅ အထက်ရှိ အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့သည်။ ဇူလိုင် ၇ ရက်တွင် အဆင့် ၅ အောက်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

ဇွန် ၂၁ ရက်နောက်ပိုင်း တိုကာရာကျွန်းစုပင်လယ်ပြင်တွင် ပြင်းအားအဆင့်တစ် သို့မဟုတ် ၎င်းထက်မြင့်မားသော ငလျင်စုစုပေါင်း ၂၀၈၇ ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ဆိုသည်။

ကျွန်းစုကမ်းလွန်ပင်လယ်ပြင်တွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ငလျင်များဆက်တိုက်လှုပ်ခတ်မှုရှိခဲ့သော်လည်း လတ်တလောငလျင်လှုပ်ခတ်မှုများသည် ယခင်ကငလျင်လှုပ်ခတ်မှုများထက်ပိုမိုများပြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို