ဇူလိုင် ၁၆

 

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားခဲ့ရာ ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် တရားဝင်သတင်းရင်းမြစ်များက အတည်ပြုဖော်ပြထားသည်။

 

ပထမယာဉ်မတော်တဆဖြစ်ပွားမှုတွင် နိုင်ငံမြောက်ပိုင်း ဉတ္တရာခန်ပြည်နယ်တွင် လူများလိုက်ပါလာသောယာဉ်တစ်စီးသည် မြစ်အတွင်းသို့ထိုးကျခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသမီလေးဦးနှင့် ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

 

ယာဉ်မတော်တဆဖြစ်ပွားမှု ဒုတိယတစ်ခုသည် အိန္ဒိယထိန်းချုပ်ထားသော ဂျမ်မူနှင့်ကာ့ရှ်မားဒေသ ဒိုဒါခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်သည်တောင်ကုန်းလမ်းကို ဖြတ်ကျော်ကာ နက်ရှိုင်းသောချောက်အတွင်းသို့ ပြုတ်ကျခဲ့သဖြင့် ခုနစ်ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို