နေပြည်တော် ဇူလိုင် ၁၆
ငါးသယံဇာတ တိုးပွားလာစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးနှင့် ဇနီး(ဝဲပုံ)၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ငါးမျိုးများစိုက်ထည့် ပေးကြသည်။
ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်သော အခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ပံ့ပိုးပေးသည့် ငါးမြစ်ချင်း ၅၀၀၀ နှင့် ငါးခုံးမကြီး ၅၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


