ဒိုဟာ ဇူလိုင် ၁၆

ဟားမားစ်-အစ္စရေး သွယ်ဝိုက်သောဆွေးနွေးပွဲများကို  ပြီးဆုံးမည့် အချိန်ကာလသတ်မှတ်ချက် မရှိဘဲ  ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဆက်လက်လုပ်ဆောင်နေသည်ဟု  ကာတာနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်ဘင် မိုဟာမက်  အယ်အန်ဆာရီက ဇူလိုင် ၁၅ ရက်တွင် ပြောသည်။

ဆွေးနွေးပွဲများ  ဆက်လက်ပြုလုပ်နေသရွေ့  ကိုယ်စားလှယ်များမှာ ဒိုဟာမြို့တွင် အဖွဲ့အစည်းများ အားလုံးနေ့စဉ်နှင့်အမျှ ဆက်သွယ်နေကြသည်။ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေ သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဤအဆင့်တွင် အချိန်အပိုင်းအခြား သတ်မှတ်ချက်မရှိသော်လည်း    နှစ်ဖက်စလုံးမှ  ဆက်လက် ထိတွေ့ဆက်ဆံမှုများပြုလုပ်နေမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ အီဂျစ်၊ ကာတာနှင့်အမေရိကန်တို့မှ စေ့စပ်ညှိနှိုင်းသူများသည်  ဆွေးနွေးပွဲများမှတစ်ဆင့်   အကဲဆတ်သည့်ပြဿနာများနှင့် ကွာခြားချက်များကို ပေါင်းကူးပေးရန် ကြိုးစားလုပ်ဆောင်နေကြ သည်။

ထို့ကြောင့် လာမည့်ဆွေးနွေးပွဲများတွင် သဘောတူညီချက်မူဘောင်ရရှိရန် လမ်းကြောင်းဖြစ်  လာမည်ဟု ၎င်းက ပြောကြားခဲ့သည်။ အစ္စရေးနှင့် ဟားမားစ်တို့၏ သွယ်ဝိုက်သောဆွေးနွေးပွဲ အသစ်ကို ဇူလိုင် ၆ ရက်က ဒိုဟာမြို့တွင် ပြန်လည်စတင်ခဲ့သည်။ ၂၁ လကျော်ကြာ ဂါဇာကမ်းမြောင် ဒေသကို ပျက်စီးစေခဲ့သည့် ပဋိပက္ခများကိုအဆုံးသတ်ရန် နိုင်ငံတကာ၏  ကြိုးပမ်းအားထုတ်မှု လည်း  ဖြစ်သည်။

ဆင်ဟွာ