ဇူလိုင် ၁၇
ဂါနာနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့က မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြား ၂၀ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ဒန်ယမ်ဘာခရိုင် အာခ်ယမ်ဝန်ချီတွင် မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိုင်းတွင်းပြိုကျမှုဖြစ်ပွားသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း၊ ဒေသခံများ၏ အကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


