နေပြည်တော် ဇူလိုင် ၁၉
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၈)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ က အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်တို့နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
ထိုအချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ ကို ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်း ကောင်း အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှ ပေးဝေကြသည်။
မေတ္တာပို့သ အမျှပေးဝေ
ယင်းနောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည် ခေါင်းဆောင်ကြီးများ ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှ ပေးဝေကြသည်။
လွမ်းသူ့ပန်းခွေချ အလေးပြု
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ နှင့် သံရုံးယာယီတာဝန်ခံများ က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ၏အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း(YMBA)၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံကြက်ခြေ နီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန် ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှု အသင်း၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ ဟိန္ဒူ ဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး၊ အိုလမာအစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဖူလ်းဂေါ်စပယ် အသင်းတော် အဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာန ချုပ်၊ မြန်မာမွတ်စလင် လူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ မြန်မာ အမျိုးသမီးစွမ်းဆောင် ရှင်များအသင်း၊ မြန်မာနိုင်ငံ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၊ အရှိုချင်း နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတော် ကတ်သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ နယ်စပ် ဒေသဖွံ့ဖြိုးရေး အသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာစားသုံးသူ သမဂ္ဂတို့အပါအဝင် လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
ဂါရဝပြုလေ့လာ
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်း ခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာ နည်ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ မြဝတီရုပ်မြင်သံကြား တို့က ဥဩဆွဲ အချက်ပေးခဲ့သည်။
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


