နေပြည်တော် ၁၂ မတ်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် RFA ၏ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာအသစ်ဖြစ်သူ Matthew Pennington အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် လက်ရှိမီဒီယာကဏ္ဍအခြေအနေများနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များ၊ ဒီမိုကရေစီအသွင် ကူးပြောင်းချိန်တွင် နိုင်ငံတကာမီဒီယာများ၏အရေးပါမှု၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ပြည်တွင်း/ပြည်ပ မီဒီယာများအတွက် ရခိုင်ပြည်နယ်သို့ guided media tour စီစဉ်ပေးနေမှု၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် RFA တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


