လော့စ်အိန်ဂျလိစ် ဇူလိုင် ၂၀
လော့စ်အိန်ဂျလိစ်မြို့ ဂီတပွဲကျင်းပသည့် နေရာပြင်ပတွင် ကားတစ်စီးက လူအုပ်ကို ဝင်တိုက်မိ၍ လူပေါင်း ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
အဆိုပါ ယာဉ်တိုက်မှုမှာ ဇူလိုင် ၁၉ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးသတ် တာဝန်ရှိသူများက ယင်းဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ခုနစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ


