နယူးဒေလီ  ဇူလိုင်  ၂၀

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း   မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့်ဖြစ်ရပ်များကြောင့်  ၁၈ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသအများအပြားတွင်   မုတ်သုံရာသီအတွင်း    မိုးသည်းထန်စွာရွာသွန်းမှုနှင့်  ကြုံတွေ့နေရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်များ၊ ရေမြောင်းများနှင့် ဆည်များရေလျှံမှုဖြစ်ပွားကာ  ကျေးရွာအများအပြား၌  ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရသည်။

ဘန်ဒီခရိုင်  နင်ဝါဧရိယာတွင် အမြင့်ဆုံးမိုးရေချိန် ၂၃၄ မီလီမီတာဖြင့် စံချိန်တင်ထားသည်။ လာမည့် နှစ်ရက်အတွင်း မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ဥတ္တရာခန်းနှင့် ဟီမာချယ်ပရာဒေ့ရှ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

ဆင်ဟွာ