ရန်ကုန်   ဇူလိုင်   ၂၀

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အကြို ပြင်ဆင် မှုအဖြစ် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်    အမျိုးသမီးအသင်းသည် ဇူလိုင်   ၂၁  ရက်မှ   ၃၀ ရက်အထိ    တရုတ်နိုင်ငံ  တွင် လေ့ကျင့်မည်ဖြစ်ပြီး တရုတ် ယူ-၂၀ လူငယ်လက်ရွေးစင် အသင်းအပါအဝင်  ခြေစမ်းပွဲ သုံးပွဲ ကစားမည်ဖြစ်ကာ အာဆီယံပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။ ၂၀၂၅ အာဆီယံအမျိုးသမီး     ချန်ပီယံရှစ်ပြိုင်ပွဲကို   သြဂုတ်   ၆ ရက်မှ ၁၉    ရက်အထိ   ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်၊   သြစတြေးလျ၊ တီမောအသင်းတို့နှင့်အတူ    တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ယုကီတက်ဆုရို (ဂျပန်)၊ ကစားသမားများ အဖြစ်  ဂိုးသမား-မျိုးမြမြငြိမ်း(သစ္စာအားမာန်)၊ ဇူးလတ်နဒီ(အား/ကာသိပ္ပံ)၊ အိစန္ဒာဇော်(ဧရာ၀တီ)၊  နောက်တန်း - နှင်းပွင့်အေး၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်(အား/ကာသိပ္ပံ)၊ ဖြူဖွေး(ရန်ကုန်ယူနိုက် တက်)၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း (ဧရာ၀တီ)၊ ခင်မျိုးသန္တာထွန်း၊ ဆောင်းနှင်းဖွေး(ရှမ်းယူနိုက်တက်)၊      မေသက်မွန်မြင့်(သစ္စာအားမာန်)၊ အလယ်တန်း-နော်ထက်ထက်ဝေ၊ ဖြူဖြူကျော်(ဧရာ၀တီ)၊ ခင်မာလာထွန်း၊  ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ ဝင်းဝင်း၊ ခင်မိုမိုထွန်း(သစ္စာအားမာန်)၊  နန်းဖြူဖြူသွယ်၊    ရူပါခိုင် (ရှမ်းယူနိုက်တက်)၊  ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊  ရှေ့ တန်း-စန်းသော်သော် (ဧရာ၀တီ)၊ မြတ်နိုးခင်  (သစ္စာအားမာန်) နှင့် မေထက်လူ (LA Pierce   ကောလိပ်- အမေရိကန်)တို့ ပါဝင်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းနည်းပြချုပ် ယုကီသည် တရုတ် ခရီးစဉ်သို့   ကစားသမား ၂၄    ဦး    ခေါ်ဆောင်သွားပြီး  မလေးရှားကလပ် ဆာဘားတွင် ကစား နေသည့် ဝင်းသိင်္ဂီထွန်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှသာ လာရောက်ပူးပေါင်းမည်ဖြစ်ကာ ဒဏ်ရာ မှ  ပြန်ကောင်းလာသည့်       အသင်းခေါင်းဆောင်     ခင်မာလာထွန်း     ပြန်လည်ပါဝင်လာသည်။

မောင်ညီ

ဓာတ်ပုံ-သော်ကြီး