ဝက်စ်ဟမ်းအသင်းသည် ခံစစ်ကစားသမား ကိုင်လီဝေါ်ကာပီတာစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူစာချုပ်လိုက်ပြီ ဖြစ်သည်။
အင်္ဂလန်အသင်းအတွက် နှစ်ပွဲပါဝင်ကစားထားသော အသက် ၂၈ နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ပီတာစ်သည် ဝက်စ်ဟမ်းအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းတွင် ကစား သမားဘဝစတင်ခဲ့သော ပီတာစ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အငှားဖြင့် ဆောက်သမ်တန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
၎င်းသည် ဆောက်သမ်တန်အသင်းအတွက် ပွဲပေါင်း ၂၀၂ ပွဲ ပါဝင်ကစားထားသည်။ ၎င်းသည် စာချုပ်သက်တမ်းကုန်ဆုံးပြီး ဆောက်သမ်တန်နှင့် လမ်းခွဲထားသူဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်


