အိုလံပစ်ချန်ပီယံ ကွင်ဝင်ရှောင်သည် ညာဘက်တံတောင်ခွဲစိတ်ကုသမှုခံယူပြီးနောက် ဒဗလျူတီအေ ပြိုင်ပွဲများမှ ခေတ္တအနားယူမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အဆင့် (၆) တွင် ရပ်တည်နေသည့် အသက် ၂၂ နှစ်အရွယ် တရုတ်တင်းနစ်မယ် ရှောင်သည် မကြာသေးမီက ယှဉ်ပြိုင်ကစားပြီးခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်တွင် ချက်ဇ်တင်းနစ်မယ် ဆီနီ ယာကိုဗာနှင့်တွေ့ဆုံခဲ့ပြီး ၅-၇၊ ၆-၄၊ ၁-၆ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၂၀၂၄ ခုနှစ်က ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင်  ချန်ပီယံဆုရရှိ ထားသော်လည်း ဂရင်းဆလမ်းဆုဖလားကို ဆွတ်ခူးထားနိုင်ခြင်းမရှိသေးပေ။ သို့သော်လည်း ၂၀၂၄ ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲနှင့် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် နောက်ဆုံး ရှစ်ဦးအဆင့်သို့ တက်လှမ်းထားနိုင်သည်။ 

မိုးဇက် - စုစည်းရေးသားသည်