နေပြည်တော် ဇူလိုင် ၂၀

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့်  CRPH၊ NUG  နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်   လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်     ဥပဒေနှင့်အညီ    ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့်   ထိုသို့လှုံ့ဆော်သူ၊  ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌   လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “yaminLove” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်  ရေးမြို့နယ်  ရေးမြို့  ရန်ကြီးအောင်ရပ်ကွက်နေ ယမင်း (ခ) လင်းလင်းအား ညနေ  ၃ နာရီ ၁၅ မိနစ်တွင် ရေးမြို့မရဲစခန်း၌     ဖမ်းဆီးထိန်းသိမ်း    အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။                                     

သတင်းစဉ်