နေပြည်တော် ဇူလိုင် ၁၈
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၆၅၉)၊ ဦးပိုင်(၇၀)၌ စိုက်ပျိုးထားသည့် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းခြင်းကို ဇူလိုင် ၁၇ ရက်တွင် တောင်သူ ဦးကျော်မြင့်ဦး ပိုင်စံပြကွက်၌ ကျင်းပသည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြု ခရိုင်ရုံးဝန်ထမ်းများ၊ ဇမ္ဗူသီရိမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရိတ်သိမ်းခဲ့ရာ နှံကောက်စပါးမျိုးကွဲ(ကောင်း) ကိုယ်စားပြုအလွှာတွင် အစိုထွက် ၁၁၀ ဒသမ ၆၈ တင်း၊ အခြောက်ထွက် ၁၀၄ ဒသမ ၀၉ တင်း ထွက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)


