မတ္တရာ ၁၂ မတ်
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆင့်ပွားသင်တန်းကို မတ် ၁၁ ရက်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် ရပ်ကွက်ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင်စာရင်း ကောက်ယူခြင်း၊ ပုံစံစာရင်းသွင်းခြင်းနှင့် ကောက်ယူပြီးသော မဲဆန္ဒရှင် စာရင်းများကို ကွန်ပျူတာဖြင့် စာရင်းရေးသွင်းခြင်းတို့အား စာတွေ့လက်တွေ့ ပို့ချဆွေးနွေးခဲ့သည်။
သင်တန်းသို့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များမှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၁၁ ရက်မှ ၁၃ ရက်ထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


